ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Thursday, November 5, 2009

ဓမ္မစေတီက ''ဥပါဒါန်နဲ့ စွဲနေကြတယ်''ဟူ၍။ အခန်း (၁၇)

အခန်း (၁၇)

ဓမ္မစေတီက ''အဲဒီဝင်လေထွက်လေ စသည်တွေမှာပဲ ဥပါဒါန်နဲ့ စွဲနေကြတယ်'' ဟူ၍ ဆိုထားရာ ယင်းစကားသည် မြန်မာပြည်က တရားသမားတွေကို စွပ်စွဲသော စော်ကားချက်သာလျှင် ဖြစ်ပါသည်။

မြန်မာပြည်က တရားသမားတို့တွင် ဥပါဒါန်ဖြင့် စွဲလမ်းသူများလည်း ရှိကြပါလိမ့်မည်။ ဥပါဒါန်ဖြင့် မစွဲလမ်းသူများ (ဝါ) အာရုံကို သိမ်းဆည်းခြင်း သဘောရှိသော သတိပဋ္ဌာနဖြင့် အာရုံတို့၌ သတိထင်ထင် ဝိပဿနာပညာ ယှဉ်နေသူများလည်း ရှိကြပါလိမ့်မည်။ ကာယကံရှင်တို့သာ သိနိုင်သော
အပိုင်းကဏ္ဍ ဖြစ်ပါသည်။ သို့ပါလျက် ဓမ္မစေတီက ''ဥပါဒါန်နဲ့ စွဲနေကြတယ်''ဟူ၍ ဆိုလိုက်လျှင် ဝစီဘေဒ ထိတိုင်းရှ ဒုက္ခခံရပေတော့မည်။

ဥပါဒါန်ဖြစ်၍ ဝင်လေထွက်လေတို့မှာ စွဲလမ်းနေသူများဖြစ်နေကြလျှင် ဓမ္မစေတီစွပ်စွဲသည့်အတိုင်း တရားမရနိုင်ကြသူများပေတည်း။









1 comments:

အိုက်ပိ said...

်ဒီလို လူတွေ အသိမှား လမ်းမှားရောက်မယ့် တရားအလိမ်တွေ ဟောနေတာ ဦးကောသလ္လဟောဟော ဘယ်သူဟောဟော ချက်ချင်း ရပ်ခိုင်းသင့်တယ်ခင်ဗျ။ ဖော်ထုတ်ပေးတဲ့ ဆရာတော်တွေကော ဖြန့်ဝေပေးတဲ့ ဘလော့ရှင်တွေကိုရော သာသနာအတွက် ကျေးဇူးတင်ပါတယ်။ ဘုရားရှင်ရဲ့ သားကောင်းသမီးကောင်းတွေပါပဲ။
တရားအားထုတ်တာကို သဲကြီးမဲကြီး တိုက်ခိုက်ပုတ်ခတ်နေတာတော့ ဦးကောသလ္လ မိစ္ဆရိယစိတ် များလွန်းတယ်။ ကိုယ်မလုပ်ချင်တဲ့အလုပ်ဆိုတော့ သူများကိုလဲ ပြမပေးနိုင်။ ဒီတော့ ပြပေးနေတဲ့ တရားပြ ဆရာတော်ကြီးတွေကို နှိမ်။ တရားအားထုတ်နည်းတွေကို နှိမ်။ တရားအားထုတ်တဲ့လူတွေကိုနှိမ် လုပ်နေတာ ဆိုးတယ်ဗျ။

ဒီခေတ်လူငယ်တွေ ပျော်တဲ့အခါ ပျော်လိုက်။ သာရေးနာရေးဆိုလဲ ဝိုင်းကူလိုက်၊ တစ်နှစ်တစ်ခါဖြစ်ဖြစ် တရားစခန်းဝင်စို့ဟေ့ဆိုလဲ တက်တက်ကြွကြွ သွားလိုက် လုပ်နေကြတာ ဘယ်လောက် ချစ်ဖို့ကောင်းလဲ။ သူတို့ခေတ်မှာ ရိပ်သာတွေ ကျယ်ပြန့်လာလို့ ဝိပဿနာနည်းတွေ လူငယ်တွေကြားပါ ရောက်လာလို့ ဒါတွေ ဖြစ်လာတာ။ လူငယ်တွေအတွက် ဘာသာရေးဆိုတာ အပျော်ဘုရားဖူးခရီးထွက်တာလောက်ပဲ မဟုတ်တော့ဘူးဗျ။ ဒါ ကောင်းတဲ့ တိုးတက်မှုပဲ။ မုဒိတာ ပွားရမယ့်အစား မလုပ်နဲ့ လိုက်တားနေတာ ဘယ်လောက် အကုသိုလ် များလဲ။

Post a Comment

ဗုဒ္ဓသာသနာ တည်တန့်စေရန် ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။
ဒို့တတွေ အမှန်တရားကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါစို့။

mmm