ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Saturday, October 31, 2009

၃- ဘာသာရေးစာပေကြီးတစ်ခုလုံးမှားယွင်းသွားပြီမို့ နိဗ္ဗာန်နှင့်လွဲကြပြီ

ဗုဒ္ဓ ဓမ္မ သံဃာ့အတွက်ရော
ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ
အရေးကြီးသောဝေဖန်ချက်များ ဖြစ်ကြပါသည်။
ပုဂ္ဂိုလ်ရေးပြစ်မှားမှုများနှင့် ထိခိုက်မှုများ ပါရှိလျှင်လည်း သည်းခံတော်မူကြပါကုန်။
(ဘုရားဖြစ်ခန်းဟောပြောချက်များကြောင့်
ဘာသာရေးစာပေကြီးတစ်ခုလုံးမှားယွင်းသွားပြီမို့ နိဗ္ဗာန်နှင့်လွဲကြပြီ)
(ဆောင်းပါးအမှတ်စဉ်-၃)


''အဲဒါတွေကို ထောက်၍-
(၁) ပဋိစ္စသမုပ္ပါဒ်ဖြင့် ဘုရားဖြစ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်။
(၂) သတိပဋ္ဌာန်လေးပါးဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရားဖြစ်။
(၃) ဥပါဒါနက္ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုပြီး ဘုရားဖြစ်။
အခု....(ပ)....အများကြီး မသိနဲ့အုံး။ (မြတ်စွာဘုရားရှင်သိအပ်သောတရား။ ဗွီစီဒီခွေ။)

(၁)''အခု ဘုန်းကြီးတို့ ပဋိစ္စသမုပ္ပါဒ်ကို ပြောပြီးပြီ။ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းသည် သတိပဋ္ဌာန် လေးပါးဖြင့်သာ သြဃလေးဖြာ သံသရာကြီးမှ ကူးတော် မူခဲ့ကြပါတယ်။ စာတစ်ကြောင်းတည်းပြောရင် သတိပဋ္ဌာန်လေးပါးကိုသိ၍ ဘုရား ဖြစ်တော်မူသည်။
(မဟာဝဂ္ဂပါဠိ၊ သတိပဋ္ဌာန်သံယုတ်၊ ဗြဟ္မသုတ္တန်။ စာပိုဒ်အမှတ် -၁၄၄။)

စိစစ်ချက်။ ။အထက်ပါ ဟောပြောချက်သည် မြတ်စွာဘုရား သိအပ်သော တရားခွေပါ စာမူ၏ စာမျက်နှာ(၈)မှာ ရှိပါသည်။ ကျမ်းညွှန်းလည်း ပါရှိသည်။ အထက်ပါဟောပြောချက်ထဲက 'သတိပဋ္ဌာန် လေးပါးကို သိ၍ ဘုရားဖြစ်'ဟူသော ဟောပြောချက်မှန်- မမှန်ဆိုတာကို သိမြင်နိုင်ရန် ရည်ညွှန်းကိုးကားပြ ဂါထာကို မြန်မာပြန်၍ ပြပါမည်။
''အပါယ်ဇာတိ၊ လူ့ဇာတိ၊ နတ်ဇာတိ၊ ဗြဟ္မာဇာတိ၊ ဇာတိအားလုံးတို့၏ ကုန်ခန်းပြီးရာလည်းဖြစ်၍ ထိုဇာတိအားလုံးတို့၏ အဆုံးသတ်ရာလည်း ဖြစ်သော နိဗ္ဗာန်ကို မြင်တော်မူတတ်သော, (၃၁)ဘုံသား ဇာတိရှိသူ သတ္တဝါများအပေါ်၌ အကျိုးစီးပွား လိုလားခြင်းသဘောရှိသော ကရုဏာအစဉ်ဖြင့် အဖန်ဖန် သနားတော်မူတတ်သော မြတ်စွာဘုရားသည် ဧကာယနဟုဆိုအပ်သော တစ်ခုတည်းသောလမ်းစဉ် (နိဗ္ဗာန်ရောက်ကြောင်း) ဖြစ်၍ဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ကို အပြားအားဖြင့် အသေးစိတ်သိတော်မူ၏။

အတိတ်ကာလတုန်းက ပွင့်တော်မူကြသည့် ဘုရားရှင်တို့သည်လည်း သြဃလေးသွယ် သံသရာနယ် ရေပြင်ကျယ်ကို ထိုပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဖြင့် ကူးတော်မူခဲ့ကြပြီ။ အနာဂတ်ကာလမှာ ပွင့်တော်မူကြမည့် ဘုရားရှင်တို့သည်လည်း သြဃလေးသွယ်သံသရာနယ် ရေပြင်ကျယ်ကို ထိုပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဖြင့် ကူးတော်မူကြလိမ့်မည်။ ပစ္စုပ္ပန်ကာလ၌ ပွင့်တော်မူဆဲ မြတ်စွာဘုရားတို့သည်လည်း သြဃလေးသွယ် သံသရာနယ် ရေပြင်ကျယ်ကို ထိုပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဖြင့် ကူးတော်မူကြသည်။''

ဤဘာသာပြန်သည် သံယုတ်အဋ္ဌကထာ၊ တတိယအုပ် စာမျက်နှာ(၂၅၈) စာပိုဒ်အမှတ်(၃၄၈)အတိုင်း အတိအကျ ပြန်ဆိုချက် ဖြစ်ပါသည်။

ဤပြန်ဆိုချက်ကို သေချာဖတ်ရှုသုံးသပ်လျှင် သတိပဋ္ဌာန်ဖြင့် ဘုရားဖြစ်ဟူ၍ ဆိုနိုင်မည် ဖြစ်ပါသော်လည်း သတိပဋ္ဌာနဘာဝနာသည် အာရုံကို အမိအရယူတတ်သော သတိသာလျှင်ဖြစ်၍ ယင်းသတိကိုဆိုလျှင် ယင်း သတိနှင့်ယှဉ်နေသည့် (အာရုံ၏လက္ခဏာတို့ကို ထိုးထွင်း၍ သိမြင်တတ်သော) ဝိပဿနာပညာကိုလည်း ယူရ၏ဟူသည်နှင့်အညီ သတိတရားစဉ်က ယူအပ်သောအာရုံ၊ ပညာတရားစဉ်က ထိုးထွင်း၍ သိအပ်သော လက္ခဏာသုံးပါး တို့ကိုလည်း ယူရမည်သာ ဖြစ်ပါသည်။ သတိတရားစဉ်ဖြင့် ယူအပ်သောအာရုံ-ဆိုသည်မှာ ကာယ(ရုပ်တရား)၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ (နာမ်တရား)တို့သာ ဖြစ်ကြသည်။

အဆိုပါ ''ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ (ရုပ်တရား၊ နာမ်တရား)တို့ကို သိမြင်လျှင် နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပါသည်။ ယင်းတို့တွင် အကျိုးဖြစ်ကုန်သော တရားများ၊ အကြောင်းဖြစ်ကုန်သော တရားများဟူ၍ ရှိနေလေရာ ''အကြောင်းဖြစ်ကုန်သော ရုပ်တရားနာမ်တရားတို့ကို သိမြင်လျှင် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။ ယင်းတို့တွင် ''ဤအကြောင်းကြောင့်သာလျှင် ဤအကျိုးသည် ဖြစ်၏။ ဤအကျိုးသည်သာလျှင် ဤအကြောင်းကြောင့် ဖြစ်၏ဟူ၍ သူ့အကြောင်းနှင့် သူ့အကျိုး၊ သူ့အကျိုးနှင့် သူ့အကြောင်းတို့၏ ဆက်စပ်ပုံအခြင်းအရာ၊ အကြောင်းတရားတို့၏ (အကျိုးတရားဖြစ်လာအောင်) ကျေးဇူးပြုပုံ အခြင်းအရာတို့ကို သိမြင်လျှင် ပဋိစ္စသမုပ္ပါဒ်ဉာဏ် ဖြစ်ပါသည်။ (ဤဉာဏ်ကို ပစ္စယာကာရဉာဏ်ဟု ခေါ်သည်။

ဤဉာဏ်သည် အကြောင်းတရားသက်သက်ကို သိသောဉာဏ် မဟုတ်။ အကျိုး တရားသက်သက်ကို သိသောဉာဏ် မဟုတ်။ အကြောင်းအကျိုးတို့၏ ဆက်စပ်နေပုံ ကျေးဇူးပြုပုံတို့ကို သိမြင်သောဉာဏ် ဖြစ်၏။) ထို့ကြောင့် အာနာပါနစတုတ္ထဈန်နှင့် ပဋိစ္စသမုပ္ပါဒ်မပါသော သတိပဋ္ဌာန်သက်သက်ဖြင့် ဘုရား ဖြစ်သည် ဟူ၍ မရှိ။

ဘုရားဖြစ်ပုံ အပြည့်အစုံမှာ ဆောင်းပါးစဉ်အမှတ်(၁) အဆုံး၌ တင်ပြခဲ့သည့်အတိုင်းပင်။ (၅)ချက်တည်း။

သို့ဖြစ်၍ သတိပဋ္ဌာန်လေးပါးဖြင့် ဘုရားဖြစ်ဟူသော ဟောပြချက်သည် ကျမ်းမညှိတတ်သူ၏ အမှားကြီးသာ ဖြစ်ပါသည်။ (ဝါ)ကျမ်းကိုးများစွာတို့ကို လူတို့က အထင်ကြီးစေရုံလောက်သာ အသုံးပြုတတ်သူ၏ သက်သေခံကြီးသာ ဖြစ်ပါသည်။

(၃)''ဥပါဒါနက္ခန္ဓာ-၅ ပါးကို ဖြစ်ပျက်ရှုပြီးဘုရားဖြစ်။ ....(ပ)ဥပါဒါနက္ခန္ဓာ ၅-ပါးတို့အပေါ်မှာ ဖြစ်ပျက်မြင်၍ ဘုရားဖြစ်တယ်။ (ဒီဃနိကာယ်။)

အခုဆိုရင် ဒီဃနိကာယ်၊ ခုဒ္ဒကနိကာယ်၊ သံယုတ္တနိကာယ်လို့ နိကာယ်သုံးခု ညှိပြီးပါပြီ။ အခု မဇ္စျိမနိကာယ၂၉ မူလပဏ္ဏာသပါဠိတော် မဟာဟတ္ထိပဒေါပမသုတ်မှာ ဒီလိုလာပါတယ်။ ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊ သော ဓမ္မံ ပဿတိ။ ယော ဓမ္မံ ပဿတိ၊ သော ပဋိစ္စသမုပ္ပါဒံ ပဿတိ- လို့ လာပါတယ်။ ပဋိစ္စသမုပ္ပါဒ်ကို မြင်တယ်ဆိုတာ အကြောင်းတရားဖြစ်တဲ့ အဝိဇ္ဇာတဏှာကိုမြင်တယ် လို့ ဆိုတယ်။ အကြောင်းတရားကို ရွေးရှုတာပေါ့။

''ဒီနေရာမှာ (အကြောင်းတရားကိုရွေးရှုနေတာ၊ အဝိဇ္ဇာတဏှာပေါ်တာ ကလေးကိုပဲ ကြည့်နေတာ ဖြစ်ခြင်းကြောင့်) သင်္ကန်းကိုင်တာတွေ၊ ဆွမ်းအုပ်ကိုင်တာတွေ၊ လှမ်းတာတွေ၊ ကြွတာတွေကို ခဏထားလိုက်။ ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ ဆိုတာကို ယော ပစ္စယေ ပဿတိလို့ အဋ္ဌကထာဖွင့်တယ်။

ဒီလိုဆိုရင် အကြောင်းတရားဆိုတာ အဝိဇ္ဇာတဏှာဖြစ်ခြင်းကြောင့် အဝိဇ္ဇာကိုသိအောင် ရှုတဲ့နည်း၊ တဏှာကို သိအောင် ရှုတဲ့နည်းတွေကို ပြောနေပါတယ်။ (မဟာဟတ္ထိပဒေါပမသုတ်။) ဒီလိုဆိုတော့ အဝိဇ္ဇာတဏှာ ဖြစ်ပေါ်လာတာကို ကြည့်တာဖြစ်ခြင်းကြောင့် ဒီနည်းမှာတော့ သင်္ကန်းကိုင်တာတွေ၊ ထမင်းစားတာတွေ၊ လှမ်းတာတွေ၊ ကြွတာတွေ၊ ယူတာတွေကို အဝိဇ္ဇာတဏှာတွေ နည်းသွားအောင်၊ အဝိဇ္ဇာတဏှာတွေ မဖြစ်ရအောင် စိတ်ကလေးတည်ငြိမ်ရအောင် ရေထဲကငါးကို ကုန်းပေါ်ပစ်တင်လိုက်တဲ့ အခါမှာ တဖျတ်ဖျတ်လူးသလို သမာဓိမရအောင် ဖြစ်နေတဲ့ (အညံ့စား) ပုဂ္ဂိုလ်တွေအတွက်'' (၎င်းစာမျက်နှာ၊ ၁၃-၁၄။)

စိစစ်ချက်။ ။ အထက်ပါ ဟောပြောချက်များတွင် စိစစ်ဖွယ်ရာ များလှပါသည်။ နိကာယ်သုံးခု ညှိပြီးပါကြောင်း၊ အခု မဇ္ဇျိမနိကာယ်ဆိုသည့် ဟောပြောချက်တို့သည် ယုံလောက်အောင်ကြွားလုံးများသာ ဖြစ်ပါသည။် အကြောင်းမှာ - ရှေ့ဆောင်းပါး(၂)ပုဒ်တွင် တင်ြပခဲ့သည့်အတိုင်း မူလူစာကိုယ်ရှိ အဓိပ္ပါယ်များက ပြည့်စုံပြီး ရှင်းနေပြီသား ဖြစ်ြကပါသည။် ဟောပြောသူက မမှန်သောကောက်ထျက်မျာစကို ထုတ်ဖေါ်ကြေညာလျက် ဟောပြောမှုများသာ ဖြစ်ကြပါသည်။ ထို့ကြောင့်ပေတည်း။

''ထို့ပြင် မဟာဟတ္ထိပဒေါပမသုတ်အရ သင်္ကန်းကိုင်တာတွေကို သတိပညာထားရှိလျှင် ဝိပဿနာ မဟုတ်.... စသည် စသည်တို့ကိုလည်း ဟောပြောထားပါသည်။ ခက်ခဲရာ နက်နဲရာတို့၌ ဘယ်လိုရှိလိမ့်မည်ဟု မသိရသေးသော်လည်း ပါဠိတော်တိုက်ရိုက် ထင်းထင်းကြီးတွေ၌ပင်လျှင် ကျမ်းမညှိတတ်၍ တလွဲကြီးတွေ ထွက်လာရဲကြသည်။ ညီညွတ်အောင် ကျမ်းညှိတတ်ပါက ထိုသို့သော ဟောပြောချက်တို့ ထွက်လာကြမည် မဟုတ်ပေ။ ထို့ပြင် ထပ်၍ဆိုလိုက်သည်မှာ နာစရာပင် ကောင်းလှပါသည်။ သင်္ကန်းကိုင်တာ... စသည်တို့မှာ သတိ+ပညာ ထား၍ အားထုတ်သူများသည် သမာဓိမရအောင် ညံ့နေသူများဖြစ်ကြသည်- တဲ့။
ပြောခွင့်ရှိသူတို့မှာ ပြောခွင့်ရှိကြပါသည်။
(စာရေးသူတို့မှာလည်း ပြောခွင့်ရှိသသည်- ရေးခွင့်ရှိသည်ဟူ၍ မှတ်ယူပါသည်။)

တစ်ဖန် 'ဓမ္မစေတီဟောပြောသည့် ဒဿနသမ္ပဒါနည်းသည် ဒိဋ္ဌိသတ်နည်း ဖြစ်သည်= တဏှာသတ်နည်း မဟုတ်ပါ'ဟူ၍ နားမဆန့်လောက်အောင် ဟောပြောနေသူက ဤတရားထဲမှာတော့ အဝိဇ္ဇာတွေ တဏှာတွေကို သတ်ရန် ရှုရန် ဟောပြောထားလေရာ ဤတရားနာယူကြရသူများအတွက် မျက်စိလည်ကြရပေမည်။ နားရွက်လည်း လည်ကြရပေမည်။

အထူးစိစစ်ချက်ကို ဖော်ပြပါဦးမည်။
'ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ-ဆိုတာကို ယောပစ္စယေ ပဿတိလို့ အဋ္ဌကထာဖွင့်တယ်။ ဒီလိုဆိုရင် အကြောင်းတရားဆိုတာ အဝိဇ္ဇာတဏှာ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာကိုသိအောင်ရှု၊ တဏှာကို သိအောင်ရှု'ဟူ၍ ဟောပြောထားရာ ယင်းဟောပြောချက်သည် ဤသုတ်အရာ၌ သွက်သွက်ခါအောင် မှားလှသည့် လှပသောအမှားကြီးသာ ဖြစ်ပါသည်။ လှပသောအမှားကြီး၏ အမှားဖြစ်နေပုံလေးကို သိသာထင်ရှားအောင် ရှင်းပြပါဦးမည်။ ရှူကြပါကုန်။

အဋ္ဌကထာစာမျက်နှာ(၁၃၃)တွင် ''ယော ပဋိစ္စသမုပ္ပါဒံ ပဿတီတိ ယော ပစ္စယေ ပဿတိ။ သော ဓမံ္မ ပဿတီ-တိ သော ပဋိစ္စသမုပ္ပန္နဓမ္မေ ပဿတိ''ဟူ၍ ရှိပါသည်။
ပဋိစ္စသမုပ္ပါဒံပုဒ်အရ ပစ္စယ= ကျေးဇူးပြုတတ်ကုန်သော အကြောင်းတရားတို့ကို ယူပါ။
ဓမ္မံပုဒ်အရ ပဋိစ္စသမုပ္ပန္နဓမ္မ= အကြောင်းတရားတို့ကို စွဲမှီ၍ဖြစ်လာကုန်သော (အကြောင်းတရားတို့က ကျေးဇူးပြုလိုက်သောကြောင့် ဖြစ်လာကုန်သော) အကျိုးတရားတို့ကို ယူပါဟု ဆိုလိုပါသည်။
ဤဆိုလိုချက်သည် တစ်ပုဒ်ချင်းအတွက်မျှသာ ဖြစ်သည်။

''အကြင်သူသည် ပဋိစ္စသမုပ္ပါဒ်ကို ရှု၏။ ထိုသို့ ပဋိစ္စသမုပ္ပါဒ်ကို ရှုနေသူသည် ပဋိစ္စသမုပ္ပန္နဓမ္မတို့ကို မြင်၏'' ဟူသော ကြိယာပါရှိသည့် ဝါကျတစ်ခုလုံးအတွက် လုံးဝမဟုတ်ပေ။ ထိုသို့သော အဋ္ဌကထာဖွင့်သည် တစ်ပုဒ်ချင်းအတွက်သာဖြစ်၍ ဝါကျတစ်ခုလုံးအတွက် မဟုတ်သေးဟု ဆိုလျှင် ဝါကျတစ်ခုလုံးအတွက် ဆိုလိုချက်က ဘာလဲ ဟူ၍ မေးစရာရှိပါသည်။ ဖြေစရာလည်း ရှိပါသည်။

(အဖြေမြင်-အတင်သိ။)

အဖြေမှာ- ''ပစ္စယဓမ္မေ ပဿန္တောပိ ပစ္စယုပ္ပန္နဓမ္မေ ပဿတိ။ တေ ပဿန္တောပိ ပစ္စယဓမ္မေ ပဿတီတိ ဝုတ္တံ 'ယော ပဋိစ္စသမုပ္ပါဒ'န္တိ အာဒိ''။ (၎င်းဋီကာ၊ နှာ၊ ၁၇၅။)

မြန်မာပြန်သက်သက်မှာ 'ပစ္စယ= အကြောင်းတရားတို့ကို ရှုတတ်သူသည်လည်း (ပစ္စယ=အကြောင်း တရားတို့ကို မြင်ရုံမျှမကသေးဘဲ) ပစ္စယုပ္ပန္န=အကျိုးတရားတို့ကို မြင်တတ်၏။ ပစ္စယုပ္ပန္န=အကျိုး တရားတို့ကို ရှုတတ်သူသည်လည်း(ပစ္စယုပ္ပန္န=အကျိုးတရားတို့ကိုမြင်ရုံမျှမကသေးဘဲ) ပစ္စယ=အကြောင်းတဗရားတို့ကို မြင်တတ်၏။ ဤအဓိပ္ပါယ်ကို ပြခြင်းငှာ အဋ္ဌကထာက 'ယော ပဋိစ္စသမုပ္ပါဒံ (ပ) ပဿတိ' ဟူ၍ ဖွင့်ပြအပ်၏'။ ဆိုလိုချက်မှာ
(၁) အကြောင်းတရားတို့ကိုလည်း ရှုပါ။
(၂) အကျိုး တရားတို့ကို လည်းရှုပါ။
(၃) အကြောင်းတရားတို့၏(အကျိုးတရားဖြစ်လာအောင်) ကျေးဇူးပြုတတ်ပုံ အခြားအရာတို့ကိုလည်း ရှုပါ။
ယင်း(၃)ချက်တို့တွင် အမှတ်(၃)သည်သာလျှင် လိုရင်းတည်း။ မှန်လှပါ၏။ (၃)အမှတ်ပြအတိုင်း အကြောင်း တရားတို့၏ (အကျိုးတရားဖြစ်လာအောင်) ကျေးဇူးပြုတတ်ပုံ အခြင်းအရာ (ဝါ)အကျိုးတရားတို့၏ အကြောင်းတရားတို့နှင့် ဆက်သွယ်စပ်ယှက်နေပုံအခြင်းအရာတို့ကို ရှုနေတတ်သူသည်သာလျှင် 'ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ= အကြင်သူသည် အကြောင်းတရားကို ရှုတတ်၏။ သော ဓမံ္မ ပဿတိ= ထိုသို့ အကြောင်းတရားကို ရှုတတ်သူသည်(အကြောင်းတရားကို မြင်ရုံမျှမကသေးဘဲ) အကျိုးတရားကိုလည်း မြင်တတ်၏။ ယော ဓမံ္မ ပဿတိ= အကြင်သူသည် အကျိုးတရားကို ရှုတတ်၏။ သော ပဋိစ္စသမုပ္ပါဒံ ပဿတိ= ထိုသို့အကျိုးကို ရှုတတ်သူသည် (အကျိုးတရားကို မြင်ရုံမျှမကသေးဘဲ) အကြောင်းတရားကိုလည်း မြင်တတ်၏' ဟူသော ပါဠိတော်၏ ဝါကျတ္ထ=အပေါင်းအဓိပ္ပါယ်တို့ကို အမှန်အတိုင်း သိရမည် ဖြစ်ပါသည်။

အကြောင်းတရားကို ရှုတတ်သူက အကြောင်းတရားကိုသာ မြင်လျှင် ပဋိစ္စသ္စသမုပ္ပါဒ်ဉာဏ် မဟုတ်သေးပါ။
အကျိုးတရားကို ရှုတှုတတ်သ်သူကူက အကျိုးတရားကိုသုသာ မြင်လ်လျှင် ပဋိစ္စသမုပ္ပါဒ်ဉာဏ် မဟုတုတ်သေးပါ။
ယင်းတို့၏ ဆက်စပ်ပုံကို မြင်မှသာလျှင် ပဋိစ္စသမုပ္ပါဒ်ဉာဏ် ဖြစ်ပါသည်။
ထို့ကြောင့်ပင် အဆိုပါဋီကာ၌ 'ပစ္စယုပ္ပန္နဓမ္မော ပဋိစ္စ သမုပ္ပဇ္ဇတိ ဧတသ္မာတိ ပဋိစ္စသမုပ္ပါဒေါ၊ ပစ္စယာကာရော'ဟူ၍ ဖွင့်ပြကာ ပဋိစ္စသမုပ္ပါဒအရ ပစ္စယာကာရ=ကျေးဇူးပြုပုံ ဆက်စပ်နေပုံ အခြင်းအရာကို ရ၏ဟူ၍ ကောက်ပြထားပါသည်။

ဝိဘဇ္ဇ၀ါဒီ

1 comments:

Anonymous said...

Lucky Club Casino site review and list of bonuses
The best part about Lucky Club is that we have many promotions to get you to spin on. The main attraction of all our casinos is the  Rating: 4.7 · ‎Review by LuckyClub.org luckyclub.live

Post a Comment

ဗုဒ္ဓသာသနာ တည်တန့်စေရန် ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။
ဒို့တတွေ အမှန်တရားကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါစို့။

mmm