ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Sunday, September 6, 2009

ဓမ္မစေတီ၏ ဖြစ်ပျက်ခန္ဓာနှင့် ဖြစ်တည်ပျက်ခန္ဓာ အခန်း (၈)

အခန်း (၉)

ဓမ္မစေတီ၏ ဖြစ်ပျက်ခန္ဓာနှင့် ဖြစ်တည်ပျက်ခန္ဓာ

ဖြစ်ပျက်ဆိုတာ ဘယ်ဟာလဲလို့၊ သဘာဝသိအောင် ရှာလိုက်စမ်းပါ။
အကြောင်းတရားကိုသာ ဉာဏ်မှာစွဲလို့ ဖြစ်ပျက်ပဲလို့ မှတ်လိုက်စမ်းပါ။
ခဏတ္တယဆိုတာ ဘယ်ဟာလဲလို့၊ သဘာဝသိအောင် ရှာလိုက်စမ်းပါ။
အကျိုးတရားကိုသာ ဉာဏ်မှာစွဲလို့ ခဏတ္တယပဲလို့ မှတ်လိုက်စမ်းပါ။

ကျွန်တော်တို့ ဒီသံချပ်ကလေးလည်း ကြိုက်ခဲ့တာပဲ ခုတော့ ဒါလည်း မှားတာပဲတဲ့
နှုတ်ထဲမှာတောင် စွဲနေပြီဗျ









Friday, September 4, 2009

ဗုဒ္ဓဘာသာအသစ်တစ်မျိုး ပေါ်တော့မည်လော

ဗုဒ္ဓဘာသာအသစ်တစ်မျိုး ပေါ်တော့မည်လော

ဗုဒ္ဓသာသနာတော်အကြောင်းအရာနဲ့ပတ်သက်ရင် မျက်စိကိုဖွင့်။ နားကိုစွင့် နေတတ်ကြတဲ့သူတွေကို သတိပေးချင်လို့ ဟိုကဒီက အတိအကျ ရထားတဲ့ သတင်းတွေကို မျှဝေလိုက်ပါတယ်၊ ရထားသမျှ သတင်းတွေကတော့ ဒီလို၊

(က) ဓမ္မစေတီ ဦးကောသလ္လဆရာတော်ဟာ လူသေလူဖြစ်ဝါဒီ အရှင်ဥက္ကဋ္ဌ ဂိုဏ်းသား လက်ကျန်တစ်ဦးရဲ့ တပည့် တစ်ပါးဖြစ်နေတယ်၊ အဓမ္မ၀ါဒအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ထားတဲ့ အယူအဆတွေကို ထေရ၀ါဒ။ ဒဿနသမ္ပဒါ အမည်နဲ့ ဦးကောသလ္လ ဟောပြောနေတယ်၊

(ခ) ဦးကောသလ္လရဲ့ ဂိုဏ်းတူညီနောင်တစ်ဦး (အရှင်ဥာဏ=ဓမ္မ၀ိဟာရီ) ဆိုသူကလည်း ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကို လူအား ငွေအား။ စည်းရုံးရေး အားကောင်းကောင်းနဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဂိုဏ်း မိုးပြာဂိုဏ်းလို့လည်း ခေါ်ပါသတဲ့၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာရဲ့ အယူအဆတွေကို ရတနာပုံနေပြည်တော် သတင်းစာ (Mandalay gazette) အေးငြိမ်းကျော်= ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဝင်တစ်ဦး= ဆိုသူဆောင်းပါးရှင် တစ်ဦးက အခန်းဆက် ဆောင်းပါးရေးနေတယ်၊ ဓမ္မစက္ကပ၀တ္တနသုတ်တော်ကို ပစ္စုပ္ပန်ကမ္မ၀ါဒရှု့ထောင့်မှ ဖွင့်ဆိုချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်၊ လူသေလူဖြစ် ရှင်ဥက္ကဋ္ဌ၀ါဒတွေကို နာမည်အသစ်တပ်ပြီး ပုံစံပြောင်းထားတယ်။ အသက်ပြန်သွင်းထားတာ များတယ်၊

(ဂ) ရထားတဲ့သတင်းများအရ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း(ခေါ်) မိုးပြာဂိုဏ်းကို ခုံရုံးတင်ဆုံးဖြတ်နိုင်ရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆီ အကြောင်းကြားစာများ ပို့ထားပြီးပြီလို့ သိရပါတယ်၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း (ခေါ်) မိုးပြာဂိုဏ်း ခေါင်းဆောင် အရှင်ဥာဏ= ဓမ္မ၀ိဟာရကလည်း ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို တရားစွဲလို့ မရနိုင်ဘူး၊ ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းက တစ်ခြား။ သူ့ရဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းက တစ်ခြားဖြစ်ပါတယ်။ မတူပါဘူး။ဒါကြောင့်မို့ ထေရ၀ါဒဗုဒ္ဓဘာသာရဟန်းတော်များက သူ့ဂိုဏ်းကို တရားစွဲလို့ မရနိုင်ဘူး၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကို ကိုးကွယ်ကြတဲ့ ဒကာ။ ဒကာမများ စိတ်အေးအေးထားနေကြဖို့ အွန်လိုင်းရတနာပုံနေပြည်တော် သတင်းစာမှာ ရှင်းလင်းချက်ထုတ်ပြန်ထားတာ တွေ့ရပါတယ်၊

(ဃ) အရှင်ဥက္ကဋ္ဌဂိုဏ်းသားလက်ကျန်တွေထဲမှာ ဒီကနေ့ ထင်ရှားနေသူတွေကတော့ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)။ ဓမ္မစေတီ ဦးကောသလ္လတို့ ဖြစ်ပါတယ်၊ အခြား ဓမ္မကထိက။ နိုင်ငံခြား သာသနာပြု အမည်ခံတွေကလည်း အခွင့်မသာသေးလို့ အရှင်ဥက္ကဋ္ဌတရားတွေကို ပေါ်ပေါ်ထင်ထင် မပြောမဟောကြသေးပေမယ့် အရှိန်ရလာရင် ၀င်ရောဖို့ စောင့်ကြည့်နေကြတယ်၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း (ခေါ်) မိုးပြာဂိုဏ်း ကလည်း အခွင့်အရေးရတာနဲ့ မိတ်ဆွေတို့ရဲ့ အသိုင်းအ၀ိုင်းကြားထဲကို ရောက်လာတော့မှာ ဖြစ်ပါတယ်၊

(င) မသူတော်ဘေးနာဂစ်မုန်တိုင်း။ အမြင်မှားဘေးနာဂစ်မုန်တိုင်း ဆိုတာ ဘယ်နေရာမှာပဲနေနေ အတိုက်ခံရနိုင်တာမို့ ကြိုတင်သတိထားရအောင် သတိပေးလိုက်ခြင်းပါ၊ မိတ်ဆွေများ ဖော်ပြပါ ဘေး ၂ မျိုးမှ လွတ်ကင်းတော် မူကြပါစေ၊

အယ်ဒီတာမှတ်ချက်။ ။အထက်ပါစာတို့မှာ ...
Ukkamsa ထံမှ Forward လုပ် ပေးပို့ ထားသော အီးမေးလ်ပါ စာများဖြစ်ပါသည်။ Win Burmese နှင့်ေ၇းထားသည်ကို Zawgyi သို့ ပြောင်းပြီး မူရင်းအတိုင်း ဖေါ်ပြထားခြင်းဖြစ်ပါသည်။ Mandalay gazette အမည်ပါနေသဖြင့် စာဖတ်သူများအား သိစေလို၍ဖေါ်ပြခြင်းသာဖြစ်ပြီး အချက်အလက်တိကျမှန်ကန်ခြင်းအတွက် စုံစမ်းထားသည် မရှိပါကြောင်းနှင့် စာတွင်ပါသော ဓမ္မစေတီဆရာတော် ဦးကောသလ္လ မှာယခု အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိသီတင်းသုံးနေသည်ဟု သိရှိရပါကြောင်း...

ဒီနေရာမှ ယူလာပါတယ်ခင်ဗျာmandalaygazette.com


Sunday, August 16, 2009

ဓမ္မစေတီ၏ စာပါအစစ်နှင့်စာပါအတု အခန်း (၈)

အခန်း (၈)

ဓမ္မစေတီ၏ စာပါအစစ်နှင့်စာပါအတု