ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Tuesday, September 8, 2009

အဓမ္မဝါဒီအားလုံးကို ဆွဲစု သိမ်းယူထားနိုင်သူ

ဓမ္မစေတီဂိုဏ်း
(စောဒနာလွှာတို့ဖြစ်ပေါ်လာခြင်းအကြောင်းရင်းများ)
အသိပေးချက်အမှတ်စဉ်(၁)

ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီးသည် ''မြန်မာနိုင်ငံတော် တွင် ပေါ်ပေါက်ခဲ့သမျှကုန်သော အဓမ္မဝါဒအားလုံးတို့နှင့် တစ်စိတ်တစ်ပိုင်း အားဖြင့် အတူပြု- ယူထားသည်ဖြစ်၍ အဓမ္မဝါဒီအားလုံးကို ဆွဲစု-သိမ်းယူထားနိုင် ရာ မဟာအင်အားစုကြီး ဖြစ်သည်။

''ပညာရှင်အင်အား ဘာသာဝင်အင်အား ငွေကြေးအင်အား ပုံနှိပ်ထုတ်ဝေရေး ဖြန့်ချိ အင်အား အကြီးမားဆုံး အခိုင်မာဆုံး အဓမ္မဝါဒီဂိုဏ်းကြီးလည်း ဖြစ်သည်။

''သက်တမ်းအရှည်ကြာဆုံး အပြန့်နှံ့ဆုံးဖြစ်၍ အကျယ်ပြန့်ဆုံး အဓမ္မဝါဒီ ဂိုဏ်းကြီးလည်း ဖြစ်သည်''။

ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓ ဘာသာသာသနာတော်မြတ်ကြီးအား အတိုက်စားဆုံး အစော် ကားဆုံး အဖျက်ဆီးဆုံး အန္တရာယ်ကြီး ဖြစ်သည်။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ခံ- သာသနပစ္စတ္ထိကဂိုဏ်းကြီး ပြန်လည်ကြီးထွားလာသလို အခြားဂိုဏ်းကြီးများလည်း မူလ အသွင်ဖြင့် လည်းကောင်း အသွင်းပြောင်းလဲ၍သော် လည်းကောင်း ကြီးထွားလာနေ ကြပါသည် -

(က)
တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌ ဦးဆောင်ခဲ့သည့် လူသေလူဖြစ် အဓမ္မဝါဒကြီး ပြန်လည် ကြီးထွားနေပုံ။

(ခ)
ဆူးလေဦးမြင့်သိန်း ဦးဆောင်ခဲ့သည့် ထေရဝါဒအမည်ခံ အဓမ္မဝါဒကြီး ပြန်လည်ကြီးထွား နေပုံ ထိုဂိုဏ်းကြီး၏ ပြန်လည် ကြီးထွားလာပုံများကား ကြောက်ခမန်းလိလိပင် ဖြစ်နေကြပါသည်။ မိတ္တူများက တစ်မျိုးဖြစ်၍ အသွင် ပြောင်းထားသည်တို့ကလည်း တစ်မျိုးလုပ်ထားကြပါသည်။ နေပြည်တော်တွင် တောင်ပိုင်းရော မြောက်ပိုင်းပါ မိတ္တူဈေးကွက် ဖြန့်ကျက်ထားကြပါသည်။

၂ဝဝ၇-ခုနှစ်တွင် နေပြည်တော်သို့ ရောက်ရှိခိုက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါသည်။

''အရိယသစ္စာလမ်းစဉ် ဝိပဿနာတရားမှတ်ချက် ပေါင်းချုပ်ကျမ်းကြီး = ၄ဝဝဝိ'' မှစ၍ ယင်းဂိုဏ်းထုတ် မိတ္တူစာအုပ်များကို ဝယ်လိုလျှင် စာရင်းပေးကြရကြောင်း လေ့လာ သိရှိခဲ့ရပါသည်။ ဟောပြော စည်းရုံးသူများလည်းရှိ၍ စာရင်းပေးရန် လွယ်ကူသော အဆက်အသွယ် ရှိကြောင်းလည်း သိခဲ့ရပါသည်။ ယင်းဂိုဏ်းဝင်ဖြစ် အမရပူရ မြို့ဆရာကြိုင် ရေးသည့် ''ဒွယနိဿိတိတပကာသနီကီကျမ်း''တို့ ကိုပင် မိတ္တူများ ရနိုင် ပါသည်။

''ထေရဝါဒသမ္မာပထ ဝိဘဇ္ဇဝါဒီဖြစ်သော ရန်ကုန်မြို့ဆူးလေဓမ္မကထိက ဆရာကြီး ဦးမြင့်သိန်း ဟောကြားတော်မူအပ်သော သမ္မာ ပထဝီဘဇ္ဇ အကြောင်းသတ် ထေရဝါဒ တရားတော်များ-
အမှတ်စဉ်(၁) နိဗ္ဗ္ဗာန်နှင့်သံသရာစာအုပ်မျိုး၊
အမှတ်စဉ်(၂) ဂဟဏူပါဒါန် ဝါဒ ပဋိစ္စသမုပ္ပါဒ် သံသရာတရားတော်စာအုပ်မျိုး၊ ရွှေလရောင်ဓမ္မာစရိယ သင့်ဘဝ ဦးမြင့်သိန်းရေးသားသည့် သောတာပန် အလင်းကျမ်း (ဒုတိယဆင့်) ပထမတွဲနှင့် ဒုတိယတွဲစာအုပ်မျိုး စသည် တို့ကိုလည်း မိတ္တူများရနိုင်ကြ ပါသည်။

၎င်းဂိုဏ်းကြီး၏ ဂိုဏ်းဦးစီးဆရာတော်တစ်ပါးဖြစ်သူ မန္တလေးမြို့ ခင်မကန်တိုက် အနန္တဂုဏ်ရည် စည်သာကျောင်း ဦးနာရဒ ရေးသားသည့် ထေရဝါဒ ဝိဘဇ္ဇဝါဒ ဝိပဿနာကျမ်းကြီးကို (၂ဝဝ၄) ခုနှစ်တွင် ထုတ်ဝေထားကြပါသည်။ ယင်းကျမ်း၏ အမှားများကို ပြဆိုလျက် ဆောင်းပါးရှင် အရှင်ဣန္ဒာစရိယာဘိဝံသက ဆောင်းပါး (၁၆)ပုဒ်တို့ကို ရေးသားတင်ပြခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မည်သူကမျှ ဖေါ်ပြရန် မစီစဉ်နိုင်ကြပေ။ ယခု အခါတွင် ဓမ္မရံသီ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့မှ ဖေါ်ပြရန် စီစဉ်ထားပြီးဖြစ်ပါသည်။ လာပေတော့မည်။

(၂ဝဝ၈)ခုနှစ် သင်္ကန်းကျွန်းမှာနေသော ၎င်းဂိုဏ်းဝင်တစ်ပါး ရေးသားသည့် ဗျသနတရား ငါးပါး အမည်ရှိ စာအုပ် တစ်အုပ်ကိုလည်း ဂိုဏ်းဝင်အလှူရှင်များက အရုဏ်ဆွမ်းလောင်း အသင်းနှင့် တွဲ၍ လောင်းလှူကြကြောင်း သိရ- ဖတ်ရပါသည်။

ဦးနာရဒနှင့်အတူ ဂိုဏ်းဦးဆောင်တပည့်ကြီးလေးပါးတို့ကို ဦးမြင့်သိန်းက သာသနာပြုရန် ချန်ထားခဲ့ကြောင်း သိရပါသည်။ ထိုလေးပါးတို့တွင် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ၏ ဆရာဖြစ်သူ ဦးဥက္ကံသဗုဒ္ဓိလည်း တစ်ပါးပင် ဖြစ်ကြောင်း သိရပါသည်။

၎င်းဆရာတော်က မွေးထုတ်လိုက်သူ ဦးကောသလ္လသည်လည်း ၎င်းဂိုဏ်းတရားတို့ကို ပင် ဟောပြောလျက် ရှိပါသည်။ တရားခွေ ပြန့်ပွါးစေရေးအတွက် လူများကို အဖွဲ့တွေဖွဲ့စေလျက် တရားစိတ်ဝင်စား၍ ချမ်းသာသူများကို စုံစမ်းချဉ်းကပ်ပြီး တရားခွေ တွေပေး၍ နာယူစေပြီးမှ ကြည်ညိုစေပြီးမှ တရားခွေ တစ်စုံ= ၄ဝဝဝဝိ/ စသည်ဖြင့် အဓမ္မဝါဒ ပြန့်ပွါးရေးအတွက် သာသနာပြုကြောင်းလည်း သိရပါသည်။

စင်စစ်အားဖြင့် ဆူးလေဦးမြင့်သိန်းသည် အဓမ္မဝါဒဆုံးဖြတ်ခံရသူဖြစ်၍သာလျှင် ဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံ အဓမ္မဝါဒဟူ၍ မှတ်တမ်းတင်ရခြင်းသာ ဖြစ်ပါသည်။ အမှန်ကမူ ဂိုဏ်းဦးစီးခေါင်းဆောင်မှာ ဓမ္မစေတီ ဆရာတော်ကြီး (ဒီပဲယင်း ကျောက်စာတိုင် ဆရာတော်ကြီး)ဟူ၍ ရှိပါသေးသည်။ သိလိုပါက''အရိယသစ္စာလမ်းစဉ် ဝိပဿနာမှတ်ချက် ပေါင်းချုပ်ကျမ်းကြီး၏ ပန်ကြားလွှာ'' တွင် လေ့လာကြည့်ကြပါကုန်။

ယင်းဆရာတော်ကြီးကို အကြောင်းပြု၍ ''ဓမ္မစေတီ ဦးကောသလ္လ''ဟု ဘွဲ့ခံထားကြောင်း လည်း သိရှိရပါသည်။ ၎င်းဂိုဏ်းကြီး၏ မူလနာမည် အပြည့်အစုံမှာ ''ထေရဝါဒ ဝိဘဇ္ဇဝါဒ သမ္မပထအကြောင်းသတ် ဝိပဿနာဂိုဏ်း'' ဟူ၍ ဖြစ်ပါသည်။ ယင်းကိုပြုပြင်လျက် အသွင်သစ်ဖြင့် နာမည်တပ်သောအခါတွင်ကား ''ထေရဝါဒ ဒဿနသမ္ပဒါနည်း= ဝိဘဇ္ဇဝါဒ စတုသစ္စသမ္မာ ဒဿနနည်း'' ဟူ၍ ဖြစ်လာကြောင်းလည်း သိရပါသည်။

အဓမ္မဝါဒဖြစ်ကြောင်း ကြေညာတားမြစ်ထားပြီးသည့် မိစ္ဆာဝါဒကြီးများတွင် ဆူးလေ ဦးမြင့်သိန်းဂိုဏ်းဆိုရာ အဓမ္မဝါဒသည် အမှတ်(၆)အဖြစ် ပါဝင်၍ ပြည့်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာများ ညွှန်ကြားလွှာ အမှတ် (၁) မှ (၉၃) ထိ စာအုပ်ထဲတွင် ညွှန်ကြားလွှာအမှတ် (၅ဝ)အဖြစ် ပါဝင်ပါသည်။

၎င်းအဓမ္မဝါဒဂိုဏ်းကြီးနှင့် အဓမ္မဝါဒတရားများ မည်မျှလောက်အထိ ပြန်လည်ကြီးထွား လာကြောင်းမှာ အထူး တင်ပြဖွယ် မရှိပြီ။

အထက်ပါတို့တွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းပြန့်ပွါးရေးကို ဦးထိပ်ထားလျက် ရေးသားခြင်းဖြစ်ပါ၍ တိကျပြတ်သားထင်ရှားစိမ့်သောငှါ ကာယကံရှင်တို့၏ အမည်များ ကိုပါ ထည့်သွင်းဖေါ်ပြလိုက်ရပါသည်။

သို့အတွက်-- ကာယကံရှင်တို့မှာ ''မိမိတို့ဟောပြောရေးသား တရားအမည်ခံများ၏ အဓမ္မဝါဒ မဖြစ်ပုံ (ဝါ) ဓမ္မဝါဒဖြစ်ပုံတို့နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းချက်များကို -

ထေရဝါဒဗုဒ္ဓဘာသာ သာသနာရေးဗဟိုဌာန
(ကမ္ဘာအေး+နေပြည်တော်) တို့ထံ တရားဝင်တင်ပြခွင့် ရှိကြပါသည်။

အထက်ပါတို့တွင် အဓိကပြုလိုသည့် ရည်ညွှန်းချက်မှာ---------

''ဖေါ်ပြရာပါ အဓမ္မဝါဒီများ၏ ပစ္စုပ္ပန် ကမ္မဝါဒီဂိုဏ်းအတွင်း ကျရောက် ပေါင်းစုသွားနိုင်စရာ ရှိပုံများသာ ဖြစ်ပါသည်''။

ဆက်လက်ဖေါ်ပြသွားပါမည်။

ဖြတ်လမ်းအောက်က မိစ္ဆာလှိုင်းကြီး


ဖြတ်လမ်းအောက်က မိစ္ဆာလှိုင်းကြီး


ခုခေတ်ခုခါ၊ လူ့ဘုံမှာကား
မိစ္ဆာဝါဒ၊ အဓမ္မတို့
ထကြွသောင်းကြမ်း၊ လွန်သရမ်းကြ
မီးကျွမ်းတောလောင်၊ တောကကောင်တို့
သားကောင်ဟိန်းလတ်၊ လက်ပန်းခတ်,သို့
ဇိုးဇတ်ဟောက်ဟိန်း၊ ဝေဖန်ဟိန်းနှင့်
ကြောင်ကိန်းကျားကိန်း၊ အပါယ်ကိန်းလိမ့်

ပိဋကတ်မြန်မာပြန်၊ ကျမ်းစာမှန်ကို
ရှာကြံဆောင်းစု၊ ဖတ်မှတ်ရှု၍
မှတ်စုမှတ်ရာ၊ နှစ်များစွာတိုင်
ဒေသနာနှီးနှော၊ လက်တွေ့ဇောတို့
အဟောဝတ၊ လုပ်နိုင်မှသာ
ကာလခုခါ၊ ရတနာတို့ကို
ရွယ်ကရပုံ၊ ကြံတွေးကုန်လော့

လူ့ဘုံခန်းဝါ၊ စီးပွါးရှာဖို့
ပညာသုတ၊ ''ဘီအေ''ရအောင်
ကာလတွက်စစ်၊ (၂ဝ)နှစ်နှင့်
ငွေစစ်ထုတ်စိုက်၊ လူလည်းစိုက်နှင့်
ဉာဏ်စိုက်ဝီရိယ၊ ကံကူမနှင့်
စိုက်ရရင်းရ၊ များလွန်းလှ,သို့
ဘဝငြိမ်းရန်၊ ''ဘွဲ့နိဗ္ဗာန်''ကို
ရရန်ကြံဆ၊ ဖြတ်လမ်းကနေ
အားရယိုဖိတ်၊ သူခိုးစိတ်ဖြင့်
ဒိဋ္ဌသုတ၊ လမ်းဆုံးကမူ
ပြောပြတိုင်းသာ၊ ယုံမိတာကြောင့်
မိစ္ဆာလှိုင်းမှာ၊ မူးကြရှာလိမ့်
ကြမ္မာအကြောင်း၊ ဆင်ခြေရှောင်းလည်း
ကိုယ်ကောင်းသော်သာ၊ ကိုယ့်ဝန်တာတည်း။

Sunday, September 6, 2009

ဓမ္မစေတီ၏ ဖြစ်ပျက်ခန္ဓာနှင့် ဖြစ်တည်ပျက်ခန္ဓာ အခန်း (၈)

အခန်း (၉)

ဓမ္မစေတီ၏ ဖြစ်ပျက်ခန္ဓာနှင့် ဖြစ်တည်ပျက်ခန္ဓာ

ဖြစ်ပျက်ဆိုတာ ဘယ်ဟာလဲလို့၊ သဘာဝသိအောင် ရှာလိုက်စမ်းပါ။
အကြောင်းတရားကိုသာ ဉာဏ်မှာစွဲလို့ ဖြစ်ပျက်ပဲလို့ မှတ်လိုက်စမ်းပါ။
ခဏတ္တယဆိုတာ ဘယ်ဟာလဲလို့၊ သဘာဝသိအောင် ရှာလိုက်စမ်းပါ။
အကျိုးတရားကိုသာ ဉာဏ်မှာစွဲလို့ ခဏတ္တယပဲလို့ မှတ်လိုက်စမ်းပါ။

ကျွန်တော်တို့ ဒီသံချပ်ကလေးလည်း ကြိုက်ခဲ့တာပဲ ခုတော့ ဒါလည်း မှားတာပဲတဲ့
နှုတ်ထဲမှာတောင် စွဲနေပြီဗျ